သထုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပြီး ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အစားထိုးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် အဆိုပါကျေးရွာရှိ တောင်သူနှစ်ဦး၏ လယ်ယာမြေ၌ ပျိုးပင်များအား ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ယမန်နေ့၊ နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။