ကျောက်ဆည်မြို့တွင် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီက ဓာတ်အားကြိုးနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် ကျောက်ဆည်မြိုအတွင်းရှိ ကျေးရွာအုပ်စု (၁၅)အုပ်စု၊ ကျေးရွာ(၆၀)မှ ပြည်သူ (၉၈၅၄)ဦး လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။