လဲချားမြို့နယ် ဝမ်ပန်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် (နိုင်) မရှိ (Biometric)ဇီဝဆိုင်ရာ အချက်အလက် ကွင်းဆင်းကောက်ယူခြင်းများဆောင်ရွက်

လဲချား  ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ (နိုင်)မရှိ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ဝမ်ပန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ကျေးရွာနေဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၊ ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ်ညနေ ၄ နာရီခွဲအထိ သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)