ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းမြတ်နိုင်က “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”ဆောင်ပုဒ်နဲ့အညီ မိမိတို့နိုင်ငံနှင့်ကိုက်ညီသော မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး သစ်တောများပြန်လည်ထူထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းကြရန် အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှပေးပို့သော သဝဏ်လွှာဗွီဒီယိုမှတ်တမ်းနှင့်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ရိုက်ကူးသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းများအားပြသပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းမြတ်နိုင်က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆု(ပထမဆု)ရရှိခဲ့သော စဉ့်ကိုင်မြို့နယ်(ဒေါင်းကျ)အခြေခံပညာမူလတန်းကျောင်း၊ တတိယဆုရရှိခဲ့သော ကျောက်ဆည်မြို့နယ် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၊ (နှစ်သိမ့်ဆု)ရရှိခဲ့သော စဉ့်ကိုင်မြို့နယ်(စွန်ရဲ) အခြေခံပညာအထက်တန်းကျောင်း၊ မြစ်သားမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ကင်းစိန်)နှင့် ကျောက်ဆည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဟန်မြင့်မိုရ်)၊တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယရဲမှူးကြီးရဲဝင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးအောင်သူနှင့် အတွင်းရေးမှူးဒုရဲမှူးကြီးရွှေဦးတို့က ဆုများအသီးသီးပေးအပ်ခဲ့ပြီးတိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စံပြစက်ရုံဆု(ဒုတိယဆု)ရရှိသော Myanmar Conch Co.,Ltd,(Alpha) ဘိလပ်မြေစက်ရုံနှင့် (တတိယဆု)ရရှိသော Europe Asia Beverages Co.,Ltd(EABC) အဖျော်ယမကာ/အချိုရည်စက်ရုံလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ဦးတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလမင်းသန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရှိရသည်။
သက်မောင်၊(ကျောက်ဆည်)