သံတောင်ကြီးမြို့၊ ဘုရင့်နောင်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့်  မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၏ ၂၀၂၄ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ၃ မိုင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လပွတ္တာ)ကျောင်းဝင်း၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများ သွားရောက် လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်း (တုမ်မို)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးတို့ရှိ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက် ခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ(အခမဲ့)ဖြန့်ဖြူး​

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်​မွေးဝမ်း​​ကျောင်းဆိုင်ရာ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ (အခမဲ့)ဖြန့်ဖြူး​ပေးအပ်ပွဲကို ယ​နေ့နံနက်ပိုင်းက ​တောညိုကျေးရွာအုပ်စု၊ အင်ပါကူ​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လဲချားမြို့နယ် ဝမ်ပန်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် (နိုင်) မရှိ (Biometric)ဇီဝဆိုင်ရာ အချက်အလက် ကွင်းဆင်းကောက်ယူခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ (နိုင်)မရှိ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ဝမ်ပန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to