မဟာအောင်မြေ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဗွီဒီယိုပြခြင်းနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာအား ဗွီဒီယိုပြခြင်းများဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုရအဖွဲ့ဝင်ဝန်ကြီးများမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းသော စက်ရုံ/ အလုပ်ရုံ လုပ်ငန်းဆု၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းဆု(အထက်တန်း)အဆင့်(မူလတန်း)အဆင့်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းသော မြို့ဆု ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများအား အသီးသီးချီးမြှင့်ခဲ့ပြီးနောက် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဗွီနိုင်းပိုစတာပြဘုတ်များနှင့် အထိမ်းအမှတ်ပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း