မိုင်းဖြတ်မြို့နယ်၌ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ(အခမဲ့)ဖြန့်ဖြူး​

မိုင်းဖြတ် ဇွန် ၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်​မွေးဝမ်း​​ကျောင်းဆိုင်ရာ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ (အခမဲ့)ဖြန့်ဖြူး​ပေးအပ်ပွဲကို ယ​နေ့နံနက်ပိုင်းက ​တောညိုကျေးရွာအုပ်စု၊ အင်ပါကူ​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

​​ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အေးချမ်းမျိုးက အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ဒေါက်တာထွန်း​ဇော်ဝင်းက နိုင်ငံ​တော်အစိုးရအ​နေဖြင့် ဒေသကြက်များ ဖြန့်ဖြူး​ပေးရာတွင် ကျေးရွာ​နေပြည်သူများ တစ်ပိုင်​တစ်နိုင်မွေးမြူ​ရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်​ငွေများ ရရှိ​စေ​ရေးအတွက် ဆောင်ရွက်​ပေးခြင်းနှင့် ကြက်​မွေးမြူ​ရေးလုပ်ငန်း စနစ်တကျ​ မွေးမြူခြင်းအ​ကြောင်း သိ​ကောင်းစရာများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာထွန်း​ဇော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများက အင်ပါကူကျေးရွာရှိ အိမ်​​ထောင်စုတစ်စုလျှင် ​ဒေသကြက် ၅ ကောင်နှုန်းဖြင့် အိမ်​ထောင်စု(၂၀)စု အတွက် ​ဒေသကြက် ၁၀၀ ကောင်ကို (အခမဲ့)ဖြန့်ဖြူး​ပေးခဲ့​ကြောင်း သိရသည်။

​မြို့နယ်(ပြန်/ဆက်)