ဟင်္သာတ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကနောင်စုရပ်ကွက် တိုက်ကျောင်းလမ်းရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား ၂၀၂၄ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ကမ္ဘာ့ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ Message Video Clip အားပြသခြင်းနှင့် ၂၀၂၄ ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip တို့အား ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပတ်ဝန်းကျင် ထိန်းသိမိးရေးဆိုင်ရာ နံရံကပ်ပိုစတာများ၊ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်ခါကြသူများမှ လိုက်လံလေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)