ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများ ရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်းဆွေးနွေးပွဲများမှ အသိပညာ ဗဟုသုတများနှင့် အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်က အ.ထ.က ထန်းသုံးပင် နဝရတ်ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။