ဒေးဒရဲမြို့နယ် မြတ်စေတနာဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူငွေနှင့် အာဟာရ ဒါနများလှူဒါန်း

ဒေးဒရဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးစေရေး စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်၊ မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အလှူငွေနှင့် အာဟာရဒါနများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းခြင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများ လက်ဝယ်အရောက် အလှူငွေနှင့် အာဟာရပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှု သင်တန်းများ အခမဲ့ဖွင့်လှစ်ပေးခြင်း၊ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေ၊ ဆေးဝါးနှင့်အာဟာရပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း