ရွှေကျင် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒုတိယဦးစီးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော ဦးမျိုးငြိမ်း၏ သမီးငယ်အား ယနေ့မွန်းတည့် ၁၂ နာရီခွဲ အချိန်က ဦးမျိုးငြိမ်း၏ နေအိမ်တွင် ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒုတိယဦးစီးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော ဦးမျိုးငြိမ်း၏ သမီးငယ် မနှင်းရတနာလင်းသည် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သတ္တမတန်းတွင် ပညာသင်ကြားလျက်ရှိပြီး စာပေပညာကို လေ့လာလိုက်စားပြီး စာကြိုးစားသည့်အတွက် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လုပ်သားရုပ်သံဖြင့် တာဝန်ထမ်းဆောင်ခဲ့ဘူးသည့် ဝန်ထမ်းဟောင်း ဦးကျော်ကျော်မှ ဗလာစာအုပ် (၂) ဒါဇင်နှင့်ငွေ (၃၀၀၀၀) (သုံးသောင်း) ကျပ်အားလည်းကောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဦးထွန်းထွန်ဇော်(ဓာတ်ပုံ-၂)(ပြ)မှ ဗလာစာအုပ် (၁) ဒါဇင်အားလည်းကောင်း ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့ရာ သမီးငယ် မနှင်းရတနာလင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)