လားရှိုးမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးအရေးယူဆောင်ရွက်

လားရှိုး ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သူများကို စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ယာဉ်မရပ်နားရနေရာများတွင် ယာဉ်ရပ်နားသည့် မော်တော်ယာဉ်များ၊မော်တော်ဆိုင် ကယ်များကို ယာဉ်ရပ်နားနေရာတွင် ယာဉ်ပိုင်ရှင်မတွေ့ပါက ကရိန်းဖြင့်သယ်ဆောင်၍ ဒဏ်ကြေး ပေးဆောင်စေခြင်းအပြင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ယာဉ်နံပါတ်ပြားတပ်ဆင်မှုမရှိခြင်း များကိုလည်း  စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှု အများဆုံးတွေ့မြင်ရသည့်နေရာမှာ လမ်းမတော်လမ်းပေါ်တွင် အတွေ့ရများပြီး ယာဉ်မရပ်ရနေရာတွင် ယာဉ်လာရောက်ရပ်နားသည့် ယာဉ်အများအပြား တွေ့မြင်ရကြောင်း သိရသည်။

စိုင်းထွန်း