ကာလိ ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က မိုင်းယိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/သူများကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအား ကျောင်းသား/သူများသိရှိနိုင်ရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူကုန်ကူးမှုအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားခဲ့ကြသည်။ ဆက်လက်၍ စာအုပ်စာစောင်များအား ငှားရမ်းပေးရာ ကျောင်းသား/ကျောင်းသူများက မိမိဖတ်ရှုလိုသော စာအုပ်၊စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)