သာပေါင်းမြို့နယ် အခွန်လွတ်ဈေးတွင် စားအုန်းဆီများရောင်းချပေး

သာပေါင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျှော့ချရေးကော်မတီအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်များနှင့်မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီအချိန်က အခွန်လွတ်ဈေးတွင် စားအုန်းဆီ တစ်ပိဿာ(၆၀၀၀)ကျပ်ဈေးနှုန်း ရောင်းချပေးခဲ့ကြသည်။

ကုန်စျေးနှုန်းထိန်းညှိလျှော့ချရေးလုပ်ငန်းစဉ်၌ပါဝင်သော စားအုန်းဆီဈေးတည်ငြိမ်ကျဆင်း‌ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ အခွန်လွတ်ဈေးတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျှော့ချရေးကော်မတီ အတွင်းရေးမှူးဦးထွန်းမင်းလက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်များနှင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာ(၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် ပြည်သူများကို(ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ) စားအုန်းဆီ(၁၃)ပေပါ၊ (၁၄၃၀)ပိဿာအား ပြင်ပဈေးနှုန်းထက်သက်သာစွာဖြင့် နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျှော့ချရေးကော်မတီအတွင်းရေးမှူး ဦးထွန်းမင်းလက်ထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်