ဌာနဆိုင်ရာရုံးဝန်ထမ်းများ စာအုပ်၊ စာစောင်အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းပေး

မိုင်းနောင် ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းများအား အလွယ်တကူစာပေ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)