ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ကျိုင်းလပ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက်က အခြေခံပညာကျောင်းများသို့  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၆၀) ကိုယူဆောင်၍ အခြေခံပညာကျောင်းများသို့ စာဖတ် ပရိသတ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များကို အပ်နှံမှုကို ပြန်လည်လက်ခံခြင်း၊ စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသးည်။

အဆိုပါ ဦးစီးဌာနအနေဖြင့်လည်း နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့် ရရှိကြပြီး ယခင်ငှားရမ်းထားသော စာအုပ်များကိုလည်း တစ်ပက်ပြည့်ပါက ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်အသစ်များ ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)