အောင်လံ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်ဧရိယာ ကွင်းအမှတ် (၂၆၄)၊ အဆင့်မြင့်စံပြလယ်ယာ နွေစပါးဆာဖိုးသာစပါးစိုက်ခင်းများတွင် တောင်သူဦးသိန်းဇော် (၁.၀၀)ဧက ရိတ်သိမ်းရာ အမှန်ထွက်ရှိတင်း (၁၆၀) တင်း၊ တောင်သူ ဦးဇော်မိုး (၂.၅၀) ရိတ်သိမ်းရာ အမှန်အထွက် (၃၉၀) တင်းထွက်ရှိကြောင်း သိရသည်။
ထိုစပါးရိတ်သိမ်းနေမှုများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)