မိုင်းယု ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စည်ပင်သာယာရေးဌာနသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ငွေလုံးငွေရင်းလုပ်ငန်း) ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မြို့မလမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့စည်ပင်သာယာရေးဌာန တာဝန်ခံဦးသီဟသူက ကွင်းဆင်းကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသွယ်သည် အလျား ၇၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မ ရှိပြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၅)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ကြောင်း၊ ယခင်က လမ်းသွယ်သည် မြေသားလမ်းဖြစ်သဖြင့် သွားလာရခက်ခဲရာ ကွန်ကရစ်လမ်းခင်းပြီးပါက မြို့မပတ်လမ်းမှ နေထိုင်ကြသည့် ပြည်သူများသွားလာရလွယ်ကူအဆင်ပြေကြမည်ဖြစ်ကြောင်း သိရသည်။
အားချာ