ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ မူးယစ်ဆေးဝါးထုတ်ယူနိုင်သော အရင်းခံအပင်များနှင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ၊  ကိုလိုနီလက်ထက်မှ အမွေဆိုးဖြစ်သည့် ဘိန်းစိုက်ခြင်း၊  သုံးစွဲခြင်း၊ သယ်ယူရောင်းဝယ်ခြင်းများ ပပျောက်ရန် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့ခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)