ကွန်ဟိန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကွန်ဟိန်း ဇွန် ၁၃

ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးခွန်ရဲထွေးက  လူငယ်များ မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာ ဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ် ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့ဟာ စာပေဗဟုသုတမှာပဲရှိပါကြောင်း၊  စာအုပ်စာပေ တွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်ရန်လိုကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် ကျောင်းသား/သူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)