ကျိုင်းတုံ ဇွန် ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သူနာပြု၊ သားဖွားသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်က မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များကိုလည်းကောင်း၊ အမှတ်(၂၈) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးနိုင်သိန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့် အရေးယူနိုင်သော ဥပဒေပုဒ်မများကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က စာဖတ်တတ်သူတိုင်းစာဖတ်ရေး၊ စာပေဖတ်ရှု၍ အသိပညာတိုးပွားကာ အမှားအမှန် ခွဲခြား သိမြင်နိုင်ရေးစသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)