ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့အား မတည်ရန်ပုံငွေကျပ် ၂၅  သိန်း ထောက်ပံ့ပေးပြီး သီးခြားရဲတပ်ဖွဲ့ တာဝန်ခံအရာရှိများက ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်း ၂၈ ဦးအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကြက်ဥများ  ထောက်ပံ့ပေးအပ်ရာ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးမောင်မောင်သွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)