ရတနာပုံတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမဆုရ ကျောင်းသူအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

အမရပူရ ဇွန် ၁၃

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် နိုင်ငံတော် အဆင့် ပထမဆုရ ကျောင်းသူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရတနာပုံ တက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးပညာဌာနတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်းနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိုးယဉ်ယဉ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ပထမဆုရကျောင်းသူနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက မှတ်သားလိုက်နာဖွယ်ရာ ဆုံးမဩဝါဒစကားနှင့် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဦးရဲထွန်းက မှတ်သားစရာ ဗဟုသုတများနှင့် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။ ဆက်လက်ပြီး ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိုးယဉ်ယဉ်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ်အထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်းမှ မနေခြည်လင်းက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့လာအားထုတ်မှုများကို ပြန်လည်ရှင်းလင်း တင်ပြပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင်“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် နိုင်ငံတော်အဆင့် ပထမဆုရရှိခဲ့သည့် ဆောင်ပါးအား ဖတ်ကြားသည်။

ဆက်လက်ပြီး ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ၊ ညွှန်ကြားရေးမှူး ဦးရဲထွန်း၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမိုးယဉ်ယဉ်နှင့် ပါမောက္ခများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ နိုင်ငံတော်အဆင့် ပထမဆုရ နိုင်ငံတကာဆက်ဆံရေး ပညာဘာသာရပ်အထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်းမှ မနေခြည်လင်းအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)