လိပ်သိုမြို့ (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို ဇွန် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လူကုန်ကူးမှု ပုံစံများအကြောင်း ဒေသနေပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောဝေါ်ကွော ထူး(ရုပ်/သံ-၃)က လူကုန်ကူးမှုသည် အသက်/အရွယ်မရွေး၊ ကျား/မမရွေး၊ လူမျိုးမရွေး လူကုန်ကူးနိုင်ကြောင်း၊ လူကုန်ကူးမှု ပုံစံအမျိုးမျိုးအကြောင်းကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတွင်တွေ့ရသော လူကုန်ကူးမှုပုံစံများ စသည့် အသိပညာပေး အကြောင်းအရာ များပါရှိသည့် နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ဒေသနေ ပြည်သူများနှင့် ကျောင်းသား/လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)