ပျော်ဘွယ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

ပျော်ဘွယ် ဇွန် ၁၄

ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပန်းချီ ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပြိုင်ပွဲတို့တွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့် ပန်းချီ ပြိုင်ပွဲတွင်ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ဆုရရှိသူများအား မကြာမီကျင်းပပြုလုပ်မည့် အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)