ပဲခူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ပဲခူးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်သန္တာထွေးက အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးမြို့၊ အမှတ် (၂) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သန္တာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်သန္တာထွေးက နိဂုံးချုပ်အမှာစကားပြောကြားကာ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးခင်ဇော်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)