ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ မေဓါဝီလမ်းရှိ မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၇  နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွှန့်ဖေနှင့် အဖွဲ့ဝင်များက ဆေးရုံကြီးအတွင်းရှိလူနာဆောင်များအတွင်းတွင် မိုးဦးကာလ ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းများနှင့် ပတ်သက်၍ ဆေးရုံးဝင်းအတွင်းရှိ ရေကန်များ၊ ရေမြောင်းများအား ရေပေါ်ဘက်ဟိုးယာဥ်ဖြင့် ဆောင်ရွက်နေမှုများ၊ ခြုံနွယ်များ ရှင်းလင်းရှင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်မှ တာဝန်ရှိသည့်ဌာနများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)