မကွေး ဇွန် ၁၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့ရှိ သားမွေးချောင်းရိုးပေါ်တွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် တာဘောင်ဖို့ခြင်းလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးပြီး တောဘိုကုန်းကျေးရွာ တောင်သူ ဦးစံမောင်၏ နှမ်း (ဂျပန်ဖြူ) ဘောင်တင်စိုက်နည်းစနစ် သရုပ်ပြစိုက်ခင်းကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ သားမွေးချောင်း ရိုး၏ ဘေးဝဲ/ယာတလျှောက်ရှိ စိုက်ပျိုးမြေဧက (၂၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေး နိုင်ရန်၊ စကုမြို့ပေါ်ရှိ အနိမ့်ပိုင်း လူနေရပ်ကွက်များအတွင်းနှင့် စကုမြို့ ပြည်သူ့ဆေးရုံကြီး အတွင်း ရေကြီးရေလျှံမှု အချိန်တိုအတွင်း လျော့နည်းသက်သာစေရန်၊ စကုမြို့၊ အမှတ်(၁၀) ခြေလျင်တပ်ရင်းအတွင်းရှိ အိပ်ဆောင်များ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်နှင့် မင်းဘူး-စကု ကားလမ်းမကြီး ရေကြီးရေလျှံမှု လျော့နည်းစေရန်အတွက် ဆောင်ရွက်လျက်ရှိ သည့် စကုမြို့ ခလရ(၁၀) တပ်တွင်းရှိ တံတားတည်ဆောက်မည့်နေရာနှင့် စကု-ဆင်ခေါင်းလမ်း ပေါ်ရှိ ဆည်မြောင်းဦးစီးဌာနမှ ပေါင်းကူးတံတား မြောင်းဘောင် တူးဖော်ဆောင်ရွက်မှုလုပ်ငန်း များသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဆိုပါ သားမွေးချောင်းရိုး ပြန်လည်တူးဖော်ဆောင်ရွက်မှုအနေဖြင့် စကုမြို့၊ အမှတ် (၁၀) ခြေလျင်တပ်ရင်းအတွင်းရှိ တံတားအား အသစ်တည်ဆောက်ခြင်း၊ ဒေါ်ဒွန်းရေတံခါး အသစ်တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် သားမွေးချောင်း(နွားကူးရိုး) ဘေးဝဲ/ယာ တစ်လျောက်ရှိ စိုက်ပျိုးမြေ ဧက(၂၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး စကုမြို့ပေါ်ရှိ အနိမ့်ပိုင်းလူနေ ရပ်ကွက်များ၊ စကုပြည်သူ့ဆေးရုံနှင့် အမှတ်(၁၀) ခြေလျင် တပ်ရင်းအတွင်းရှိ အိပ်ဆောင်များ ရေကြီးရေလျှံမှုမှ လျော့နည်းသက်သာ စေမည့်အပြင် မင်းဘူး-စကု ကားလမ်းမကြီး ရေကြီးရေလျှံမှုမှ ကင်းဝေးပြီး မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်းမြို့ များသို့ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ထနောင်းတော ကျေးရွာအုပ်စူ တောဘိုကုန်းကျေးရွာ ကွင်းအမှတ် ၁၁၈၉၊ တောင်သူ ဦးစံမောင်၏ နှမ်း (ဂျပန်ဖြူ) ဘောင်တင်စိုက်နည်း စနစ်သရုပ်ပြစိုက်ခင်း ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၃၀ ဦးတို့နှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှမ်းသီးနှံအထွက်တိုးရေး နည်းပညာများ လိုက်နကျင့်သုံးရေး၊ အလေအလွင့်မရှိ ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် လုပ်ငန်းသုံး လယ်လုပ်ကိရိယာများအား ကြည့်ရှူစစ်ဆေး၍ ပိုမိုအသုံးဝင်ထိရောက်နိုင်သည့် လယ်လုပ်ကိရိယာများ တီထွင်ဆန်းသစ်ပြုလုပ်သုံးစွဲရေး စိမ့်မြောင်းပတ်မြောင်းများပြုလုပ်စေရေး၊ သက်လတ်အထွက် ကောင်း စပါးမျိုးများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထနောင်းတောကျေးရွာအုပ်စု ကွင်းအမှတ် ၁၁၉၁ ၊ ဦးပိုင် ၁၀/၂ ရှိ တောင်သူ ဒေါ်မြင့်၏ နွေနှမ်းသီးနှံစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှမ်းသီးနှံစိုက်ပျိုးမှု လုပ်ငန်းစဉ်များ သိရှိလိုက်နာ ခြင်းဖြင့် နှမ်းပင်ဖြစ်ထွန်းမှု ပိုမိုသိသာ ကောင်းမွန်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိမည်ကို လက်တွေ့ သိမြင်ကြရကြောင်း၊ ဆက်လက်၍ တောင်သူများကိုယ်တိုင် အပင်ဖြစ်ထွန်းမှု လက္ခဏာ ကောင်းမွန်သော နှမ်းပင်များကို ယခုနှစ် နှမ်းရိတ်သိမ်းချိန်တွင် သီးသန့်ရွေးချယ် မျိုးသန့်သိမ်းဆည်း၍ လာမည့်ရာသီအတွက် မျိုးသန့်အဖြစ် သုံးစွဲနိုင်ရေး ပြောကြားကာ တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ