မိုးနဲမြို့မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ   ဇွန်   ၁၄

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ် (တောင်းပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းသတ်မှတ်ထားသည့် ရပ်ကွက်နှင့်ကျေးရွာများ၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်ကန်သည့်စာရင်းများရရှိအောင် ကောက်ယူနိုင်ရန်လိုအပ်ကြောင်း၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားခဲပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့ယ်နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်က မြို့နယ်အတွင်းလူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)