လွိုင်လင် ဇွန် ၁၄
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre )ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဒေါ်စိုးစိုးမော်မှ ကလေးသူငယ်ဥပဒေဆိုင်ရာအကြောင်းအသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ ဟောပြောပွဲ၊ ပြပွဲများကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေမူများ မိမိတို့ဌာနအနေဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးများနှင့် ဆောင်ရန်၊ရှောင်ရန်များကိုလည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မူလွန်(၅)လွိုင်လင်မှ ကျောင်းသား၊ကျောင်းသူလေးများက ထပ်ဆင့်ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာပေးနံရံကပ်စာစောင်များ၊ ဓါတ်ပုံများကိုပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှု လေ့လာကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)