ကျိုက်လတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုက်လတ် ဇွန်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ‌အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ၁၆ လမ်းမှ ၁၇×၁၈ လမ်းကြားတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဝာာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည် ၉၅၀ ပေ၊ အကျယ် ၁၆ ပေ၊ ဒု ၆ လက်မကို ကန့်သက်မှုမရှိသော တင်ဒါအောင်မြင် ငွေကျပ် ၅၂ ဒသမ ၀၀ သန်းဖြင့် အောင်ပိုင်နေလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း၊ တာဝန်ခံအင်ဂျင်နီယာနှင့် အင်ဂျင်နီယာများက လမ်းအရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီး‌‌ရေးအတွက် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်