ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌  ၂၀၂၄ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ    

ဒဂုံတောင် ဇွန် ၁၆

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အစိမ်းရောင်မြို့တော်ဖြစ်စေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ရည်ရွယ်ချက်များထားရှိကာ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်သော ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စိုက်ပျိုး‌မွေးမြူရေး အမှတ်()ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဝဲ/ယာ  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ဒဂုံမြို့စ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်ကာ စည်ပင်သာယာဝန်ထမ်း (၇၀) ဦး၊ ပရဟိတပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ အင်အား (၈၀) ဦး၊ စုစုပေါင်းအင်အား (၁၅၀)ဦးဖြင့်  ခရေပင် (၃၀၀) ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးသည့်နေရာသို့ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ခရိုင်မှူး(ပန်းဥယျာဥ်ဌာန)၊ ခရိုင်မှူး(ကျန်းမာရေးဌာန)၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်ကြီးကြပ်အားပေးကာ ပါဝင်စိုက်ပျိုးကြကြောင်း သတင်းရရှိသည်။

သန်းသန်းအေး