မိတ္ထီလာ ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးလှမိုးသည် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ဆည်ကုန်းကျေိးရွာ မြေသားရေကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတို့အား ကြည့်ရှု့စစ်ဆေးပြီး သမဝါယမအသင်းစုမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ၂၀၂၃ - ၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မိတ္ထီလာ- ကျောက်ပန်းတောင်း လမ်းမှ အိုင့်-သနပ်အိုင့်လမ်းအရှည် (၁.၂၀၅) ကီလိုမီတာ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး အိုင့်-သနပ်ပင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြ ချက်များ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာတွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၉.၂၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အလျား ပေ ၂၄၀၊ အနံ ပေ ၂၀၀ နှင့် အနက် ၄ပေ ရှိ မြေသားရေကန်ပြန်လည်ပြုခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက်များ၊ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ရက်ကန်းနှင့် အသက်မွေးသင်တန်းကျောင်း(မိတ္ထီလာ)တွင် သမဝါယမအသင်းမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာ စေရန် လိုအပ်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်၊ ရေ၊ သွင်းအားစုစသည့်များ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်အပြင် ဝါစိုက်တောင်သူများ အကျိုးမြတ် ရရှိစေရေး ဝါကိုကြိတ်ခွဲပြီး ရောင်းချနိုင်ရေးအထိ ဆောင်ရွက်သွားနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှရက်လုပ်ထားရှိသည့် အဝတ်အထည်များနှင့်ပြသထားရှိသည့် ပန်းပုလက်ရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)