ဟင်္သာတ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၂၀၂၄ ခုနစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ "မူးယစ်အန္တရာယ် တို့ကာကွယ်" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၁၆) ဦးနှင့် နေ့လယ်ပိုင်းတွင် "ရှောင်လေဝေးဝေးမူးယစ်ဆေး" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၄၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)