အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေးနှင့် မှုခင်းကျဆင်းရေး၊ အသိပညာပေးရေး၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၁၉

အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေးနှင့် မှုခင်းကျဆင်းရေး၊ အသိပညာပေးရေး၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုကော်မတီဝင် ဒေါက်တာအောင်သော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအား ပြောကြားပြီးနောက် အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်က ကျောင်းသား လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များကိုပြောကြားပြီး အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး မှုခင်းများနှင့် မူးယစ်ဆေးဝါးသမိုင်းကြောင်းများကို ပြောကြားပြီးနောက် အင်းစိန်မြို့နယ်၊ ဥပဒေရုံး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ထက်ထက်ကြည်ဝင်းက မြန်မာနိုင်ငံမူးယစ်ဆေးဝါးမှုခင်းများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုကော်မတီဝင် ဒေါက်တာအောင်သော်၊ အင်းစိန်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မင်းမင်းထွေး၊ အင်းစိန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)