တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တန့်ယန်း ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)