မိုင်းဆတ် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာရှိ ရောင်ခြည်သစ်စာကြည့်တိုက်သို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ စာကြည့်တိုက် Activities များဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် ဦးစီးအရာရှိ ဦးလင်းထင်ကျော်တို့က နောင်ဘိုကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများပြုလုပ်၍ ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)