ကရသူရိ ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာများသာမက စာအုပ်/စာစောင်များမှ ပေးသော အသိပညာ/အတတ်ပညာများရရှိရေး အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ အားလပ်သည့် အချိန်များတွင် မိမိဝါသနာထုံရာများကို စာအုပ်/စာပေများ ဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများ ပေါ်ထွန်းစေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ သုတ၊ ရသ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစသည့် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)