ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ကရသူရိ ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဇွန်လ(၂၆)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်ပါ၍ ကျောင်းသား/သူများ သိရှိထားကြရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိတို့၏ ဘဝတိုးတက်အောင်မြင်‌ရေးကို ဆုတ်ယုတ်စေခြင်း၊ အသိပညာမဲ့ခြင်း၊ လူအညွန့်တုံခြင်းများ စသည့်ဆိုးကျိုးများကိုသာရရှိ၍ လုံးဝရှောင်ကြဉ်သင့်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးများ အမျိုးမျိုးရှိပြီး ဆေးလိပ်၊ ကွမ်းယာများအစ လက်တဲ့မသုံးစွဲသင့်ကြောင့်၊ မူးယစ်ဆေးဝါးဖြတ်တောက်နည်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဟောပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် ကျောင်းသား/သူများ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေရေး အသိပညာပေးခြင်းဖြစ်ပြီး ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ (၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)