လသာ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေ၏အရေးပါပုံ၊ ရေ၏တန်ဖိုး၊ ရေပေးဝေမှုဆိုင်ရာနှင့်ရေဆိုးစွန့်ပစ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁၁)နာရီကအခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁ )လသာ၊ ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခတ္တေမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်း အဖွင့်အမှာစကားပြောကြားပြီး အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)မှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းစိုးက ရေ၏အရေးပါပုံ၊ရေ၏တန်ဖိုး၊ ရေပေးဝေရေးသမိုင်းကြောင်းများ၊ ရေသံသရာလည်ပုံ၊ ရေသန့်စင်စနစ်နှင့်ရေဆိုးစွန့်ပစ်မှုဆိုင်ရာများကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွက်”ရေကြည်တစ်ပေါက်”စာအုပ်များအား လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ အင်ဂျင်နီယာဌာနမှ(ရေနှင့်သန့်ရှင်းရေး)Logo ပါလက်ကမ်းစာအုပ်၊ စာရေးကိရိယာများကို ကျောင်းသား၊ သူများအား ဖြန့်ဝေပေးခဲ့ပြီး မေးခွန်းမေးဖြေများမေးမြန်းခြင်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)