ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်း ဆောင်ရွက်

ပေါင် ဇွန် ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက သဲဖြူကုန်းကျေးရွာ  တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် ရွှေဝါထွန်းမျိုးစပါးများအား လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို သဲဖြူကုန်းကျေးရွာရှိ တောင်သူ ဦးဒါဝတ်၏ လယ်ယာမြေ၌ပြုလုပ်ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲ‌နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ပေါင်မြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ တောင်သူ (၁၀၀) ဦးတို့အတွက် မျိုးစေ့ချကိရိယာ (Seeder) (၁၀၀) ကို အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)