ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအစည်းအဝေး (၂/၂၀၂၄) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးဆောင်ရွက်သော ကျေးရွာများအတွင်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းဆောင်ရွက် နိုင်ရေးအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၁၉ ရက်က ဗန်းမော်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့၌ အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကန်သာယာ (၈) ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ/ အကျဉ်းသားများနှင့် ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

အကျဉ်ဦးစီးဌာန၊ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ/အကျဉ်းသားများနှင့် အကျဉ်းဦးစီးဌာန၊ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို(ရွှေကျင်)ရပ်ကွက်ရှိ အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။

ရတနာပုံတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ အမရပူရခန်းမ၌ ကျင်းပသည်။

အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများပြန်လည်ထုတ်ပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းမိဘပြည်သူများ၏ ပင်စင်လစာများအား လစဉ် (၂၁) ရက်နေ့တိုင်း အဆင်ပြေစွာထုတ်ပေးလျက်ရှိပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်လည်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်ပြီး အဆိုပါဘဏ်ခွဲမှ တာဝန်ရှိသည့်ဝန်ထမ်းများက အဆင်ပြေစွာထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇွန် ၂၁ နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မြင်သာ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊(မြင်သာ)၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to