ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၈:၀၀)နာရီအချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးလူညွှန့်တုံးစေသော မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ကို အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမစက်ဝန်းထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ကျောက်ပုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)၌ နည်းပညာတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာများနှင့်တွေ့ဆုံသည်။

ကန့်ဘလူမြို့၌ စိတ်ဓာတ်နှင့်နည်းနာ အောင်မြင်ရေးစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စုပေါင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ပြည်ရေနံမြေဧည့်ရိပ်သာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ် (၁၇၃)မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ရွာသာညွန့်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄) ကြိုဆိုပွဲ ကျင်းပ

ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်မုခ်ဦးဖွင့်ပွဲနှင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၁/၂ဝ၂၄)ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသတ်မှတ်နေရာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့တွင် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မှုမပြုရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မှုမပြုရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာရှိ အောင်ချမ်းသာဓမ္မဗိမာန်ကျောင်းတွင် ကျင်းပခဲ့​ပါသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
Subscribe to