အမရပူရ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ အမရပူရခန်းမ၌ ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်မှူး၊ ဗိုလ်ကြီးဟန်ဝင်းဇင်က တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း ဟောပြောသည်။ ထို့နောက် တပ်ဖွဲ့ဝင်အရာရှိ ဗိုလ်ကြီး ဒေါက်တာတင့်ဝေ (ပါမောက္ခ) က တပ်ဖွဲ့ဝင် သင်တန်းအတွေ့အကြုံများကို ရှင်းလင်းဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်တပ်မှူး၊ ဗိုလ်ကြီး ဟန်ဝင်းဇင်နှင့် တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသားဟောင်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စိုးသီဟ (အမရ)