ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်း၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲ၊ မွေးမြူရေးဘာသာရပ်ဖြစ်သည့် နွားမေထုန်မဲ့သရုပ်ပြပွဲ အခမ်းအနားများသို့ တက်ရောက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်း၌ ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမြေများအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းရှိ လယ်မြေများပေါ်တွင် ကျင်းပပြုလုပ်သည်။