ကော့ကရိတ် ဇွန် ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းမိဘပြည်သူများ၏ ပင်စင်လစာများအား လစဉ် (၂၁) ရက်နေ့တိုင်း အဆင်ပြေစွာထုတ်ပေးလျက်ရှိပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်လည်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်ပြီး အဆိုပါဘဏ်ခွဲမှ တာဝန်ရှိသည့်ဝန်ထမ်းများက အဆင်ပြေစွာထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ကော့ကရိတ်မြိုတွင် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ နောက်ဆုံးအပါတ်၌ အကြမ်းဖက်သောင်းကျန်းသူများ၏ ဝင်ရောက်တိုက်ခိုက်မှုဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ယာယီစစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဒီဇင်ဘာလမှစတင်၍ ၎င်းဘဏ်ခွဲအား ယာယီပိတ်ထားသော်လည်း ယခုအခါ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ၂၀၂၄ခုနှစ်၊ မေလမှစတင်ပြီး ဘဏ်လုပ်ငန်းများအား အဆင်ပြေစွာ ပုံမှန်လည်ပတ်နိုင်ပြီးဖြစ်သောကြောင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း မိဘပြည်သူများ၏ ပင်စင်လစာများကို ပုံမှန်ပင်စင်လစာထုတ်ရက် မေလ (၂၁) ရက်နေ့မှစတင်၍ ပြန်လည်ဆောင်ရွက်ထုတ်ပေးလျက်ရှိရာ ဇွန်လ (၂၁) ရက် ယနေ့နံနက်ပိုင်းအချိန်တွင် အငြိမ်းစားမိဘပြည်သူများမှ ၎င်းတို့၏ပင်စင်လစာများအား လာရောက်ထုတ်ယူလျက်ရှိပြီး အဆိုပါမြန်မာ့စီးပွားရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)