ဂန့်ဂေါမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြော
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများပေါ်ထွန်းစေရန်အတွက် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.ထ.က(မြို့မ) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။