ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ​ရွှေဘိုမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ​ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ​အောက်တိုဘာ ၆ရက်နေ့၊ နံနက်ပိုင်းတွင် ​ရွှေဘိုမြို့ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့​​ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊​ ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ​ယနေ့ နံနက်ပိုင်းတွင် ​ ​ရွှေဘိုမြို့ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ခဲ့​​ကြောင်း သိရသည်။

ကလေးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများကို စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ မြို့နယ်စု‌စုပေါင်းရုံရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်အတွင်း ဆောင်းသီးနှံ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) ပန်းတိုင်အထွက်နှုန်းပြည့်မီရေး မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ရှမ်းကန်ကျေးရွာ၊ မကျက်ကြီးကျေးရွာ၊ အင်းဝကျေးရွာနှင့် ဘုမ္မဇိုးကျေးရွာများသို့ သွားရောက်၍ ဆောင်းသီးနှံ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက် နောင်ချို အောက်တိုဘာ ၆ သန်းသန်းထွေး(ပြန်ဆက်/နောင်ချို)

စေတုတ္တရာမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများကိုသွေးတိုး၊ဆီးချို၊နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းများ(အခမဲ့)ဆောက်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်းများကို စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေနံနက်(၉)နာရီအချိန်က ရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to