ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈) နာရီက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့ရုံး၌ (Book Club,Youth Club) အဖွဲ့ဝင် ကျောင်းသား/ကျောင်းသူ လူငယ်လေးများဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူ (Book Club,Youth Club) အဖွဲ့ဝင် ကျောင်းသား/ကျောင်းသူလူငယ်များနှင့်ပူးပေါင်း၍ မိမ်ိကြိုက်နှစ်သက်ရာစာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ကျိုက်လတ်မြို့နယ်တွင် ယစ်မျိုးဆိုင်ရာ အသိပညာ‌ပေး ရှင်းလင်းပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယစ်မျိုးဆိုင်ရာ အသိပညာ‌ပေး ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့၌ အခွန်ဆိုင်ရာ အသိပညာ​ပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ပြည်တွင်းအခွန်များဉီးစီးဌာ၊ လဲချားမြို့နယ်ရုံးတွင် ကျင်းပခဲ့ပါသည်။

ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၉) နာရီ အချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဟောပြောပွဲနှင့် မြို့နယ်ရုံး ဝန်ထမ်းများက “သတင်းစကား” လက်ကမ်းစာစောင်များကို ပြည်သူများနှင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက ဖြန့်ဝေခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံမျိုးစုံ ဧက ၇၀၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် သီးနှံမျိုးစုံ ဧက ၇၀၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to