ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး အခန်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့ အ.ထ.က (၁) စိန်ရတုခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှုဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့်ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၏ လုံခြုံရေးကိစ္စရပ်များအတွက် မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အများပြည်သူတည်ငြိမ်အေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီ အချိန်၌ ဘိုကလေးမြို့၊ အမှတ် (၁၈) လမ်းမ၊ ဘိုကလေး-ဖျာပုံ ကားလမ်းမ၌ ဘိုကလေးမြို့နယ်သို့ ဝင်ရောက်လာကြသော မော်တော်ယာဉ်များကို တာဝန်ရှိသူများက လုံခြုံရေးရာ ကိစ္စရပ်များအား စစ်ဆေးဆောင်ရွက်မှုများပြုကြသည်။

မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ (၈) ရပ် စာစောင်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊မိုင်းနောင်မြို့ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ(၈)ရပ် စာစောင် ဖြင့်စာဖတ် ဝိုင်း ကို ယနေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထားဝယ်မြို့တွင် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့် တောင်သူများအား ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပသည်။

ထိုင်းနိုင်ငံ၊  မဲဆောက်မြို့၊  တပ်(ခ်)ခရိုင်  လူဝင်မှုကြီးကြပ်ရေးဌာနတွင် မြန်မာနိုင်ငံသား (၂)ဦး လွှဲပြောင်း/လက်ခံ

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန  လက်အောက်ရှိ Pathumthani  Welfare Protection Center For Victims of Trafficking in Persons တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး ထိုင်းနိုင်ငံရှိ  သက်ဆိုင်ရာ တရားရုံး၌ သက်သေထွက်ဆိုပြီးသော လူကုန်ကူးခံရသူ အမျိုးသား (၂) ဦးအား မြဝတီ-မဲဆောက်လမ်းကြောင်း မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၁၉ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့  ပြန်လည်ထူထောင်ရေးဦးစီးဌာန ၊  ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် ဟုမ္မလင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများလိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ ၆ မှ တာဝန်ယူတည်ဆောက်နေသည့် အစိုးရနည်းပညာအထက်တန်းကျောင်း ၄ ခန်းတွဲ ၂ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

မတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (စလွန်ဖြူ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်လှူဒါန်း

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၄၇)၊ ၇၇ လမ်း၊ ၁၁ လမ်းထောင့်ရှိ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to